Sunday, April 1, 2012

ထိမ်းထိမ်း သိမ်းသိမ်း လုပ်ကြဖို့တော့ လိုမယ်ထင်တယ်

ထိမ်းထိမ်း သိမ်းသိမ်း လုပ်ကြဖို့တော့ လိုမယ်ထင်တယ်
ပျော်တာတော့ ပျော်ကြတာပေါ့ဗျာ။ဒါပေမဲ့ ဒီကနေ့နိုင်တာ
ဘော်လုံးပွဲနိုင်တာမဟုတ်ဘူး။စည်းမဲ့ကမ်းမဲ့ ရုပ်ပျက်
ဆင်းပျက် ပွဲခံစရာ ဘာအကြောင်းမှမရှိဘူး။အော်သွားကြ
တာများ နားထောင်ကြည့်စေချင်တယ့်
မန်းလေးသားတွေဘာလို့ပျော့်အမေစု့နိုင်လို့ပျော့်
မန်းလေးသားတွေဘာလို့သောက့်အမေစု့နိုင်လို့
သောက့်တဲ့ဗျာ။မနေ့ကလည်း ဒီအဖွဲ့ လမ်း
ထောင့်က ဘီယာဆိုင်မှာ အဖွဲ့ချုပ်အလံထောင်ပြီး
သောက်နေကြတာ ခွပ်ဒေါင်းလက်ပတ် ခွပ်ဒေါင်းနဖူးစီး
တွေနဲ့။ကနေ့ လဲ အစောကြီးထဲက မနေ့ကပုံစံအတိုင်း
ဝတ်စားပြီးသောက်နေကြတာ။အဖွဲ့ချုပ်ကလူတွေက
တော့ မဲရုံကအလုပ်တွေနဲ့ အလုပ်ရှုတ်နေတုန်း၊တရားဝင်
မဲစာရင်းမထွက်လာသေးလို့စောင့်နေကြ မျှော်နေကြ
တုန်း။အခုနကပြောတဲ့ အမူးအဖွဲ့လိုအဖွဲ့တွေစုမိကြပြီး
တော့ ဆိုယ်အုပ်စုဖွဲ့ပြီးမြို့ပတ်ကြတော့တာဘဲ။ရိုးရိုး
သားသားပျော်ကြတဲ့သူတွေလဲ ပါပါတယ်။ယာဉ်တန်းကြီး
က တဖြည်းဖြည်းကြီးလာတယ်။စည်းကမ်းမဲ့လာတယ်။
ဆိုင်ကယ်စီးဉီးထုတ် မဆောင်းကြတော့ဘူး။အသံသေး
အသံကြောင်တွေနဲ့ အော်လာကြတယ်၊မီးနီတွေဖြတ်
မောင်းကြတယ်။ယာဉ်ထိမ်းရဲတွေကို အော်ဟစ်နောက်
ပြောင်သွားကြတယ်။ရဲတွေတွေ့ရင် ရဲစခန်းရှေ့ရောက်
ရင် သံသေးသံကြောင်တွေနဲ့အော်ကြတယ်။ကြံ့ခိုင်ရေး
ရုံးတွေရှေ့မှာ အကြာကြီးရပ်ပြီးဆဲကြတယ်။ဘာဖြစ်ချင်
တာလဲ၊ဘာတွေဖြစ်လာစေချင်တာလဲတော့မသိဘူး။
အသိတရား ကင်းမဲ့တာသက်သက် ဘဲလား။ရည်ရွယ်
ချက်တခုခုနဲ့ လုပ်ကြတာလား ဘာမှန်းတော့မသိဘူး။
ဘာကြောင့်ဘဲလုပ်လုပ် ပြသနာတစုံတခုဖြစ်သွားရင်
အဖွဲ့ချုပ်ကဘဲ ရှင်းရမှာ၊အဖွဲ့ချုပ်ဘဲ တရားခံဖြစ်မှာ။
မနက်ဖန် ကော်မရှင်က အနိုင်ရတဲ့သူစာရင်း တရားဝင်
ကြော်ငြာပြီးရင် အခြေအနေက ဒီ့ထက်ပိုဆိုးလိမ့်မယ်
ထင်တယ်။အဲ့ဒီတော့ မလိုလားအပ်တဲ့ ပြသနာတွေ
မပေါ်ရအောင် အဖွဲ့ချုပ်ကပုဂ္ဂိုလ်များက ဝီရိယစိုက်ပြီး
စည်းရုံးရေးနည်းနဲ့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်ပေးကြပါ
ဉီးလို့ အကျိုးမျှော်၍နှိုးဆော်လိုက်ရပါသည်ခင်ဗျား။

No comments: