Sunday, March 18, 2012

ဒေါက်တာမြင့်ချို

"သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဒေါက်တာမြင့်ချို ၏   မြောက်ပိုင်းကိစ္စ ပြောကြားချက်"

by ဘရာဇီး ငှက်ရိုး on Sunday, 18 March 2012 at 01:02 ·
ဒေါက်တာမြင့်ချို ပြောသွားတာက ""ကျနော်တို့ စစ်တပ်တွေမှာလို အဖွဲ့အစည်းတွေ မှာလို သူကအောက် ငါကအထက် ဒီလိုမရှိပါဘူး... ဒေသ ပထဝီ အနေအထား အရ တောင်နဲ့မြောက် ကွဲကွာနေတဲ့ အပေါ်မှာ သီးသန့် လှုပ်ရှားတယ် သီးသန့် လုပ်ကိုင်တယ် သီးသန့် ဆုံးဖြတ်တယ်... (အနည်းငယ်စဉ်းစားပြီး ဆက်ပြောပါတယ်)... ကျနော်တို့ တက်ခဲ့တဲ့(သတ်ခဲ့တာလားမကွဲပြားပါ) အချိန်တွေက    တောင်ပိုင်းမှာ လုပ်ခဲ့တဲ့အချိန်တွေက ၉၀ခုနှစ် သြဂုတ်လ... အဲ့ဒီအချိန်မှာ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ်က တောင်ပိုင်းနဲ့ ပူးပေါင်းတဲ့ တဖွဲ့တည်းသော အဖွဲ့ ဖြစ်ချင်တယ် ဆိုပြီးတော့ ကိုယ်စားလှယ် လွှတ်လာတယ်...

အဲ့ဒီအချိန်မှစပြီးတော့  အေဘီအက်စ်ဒီအက်ဖ်နှစ်ခြမ်းဟာ စပြီး သန္ဓေတည်တဲ့ အချိန်ကနေ သီးသန့်ဖြစ်ရာ ကနေ ပေါင်းပြီးတော့ တစ်ဖွဲ့တည်းဖြစ်ဖို့ အတွက် ကျနော်တို့ ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ ညီလာခံ ကာလမှာ မြောက်ပိုင်းမှာ လူပေါင်းများစွာကို သံသယနဲ့ စပိုင်ဆိုပြီးတော့ ဖမ်းတာတွေ ဖြစ်ခဲ့တယ်... အဲ့ဒီအထိ ကျနော်တို့ ညီလာခံက မပြီးသေးဘူး...
 ပြောချင်တာက ဘာလဲ ဆိုတော့ မြောက်ပိုင်းမှာ ဖြစ်တဲ့ ပြသနာသည် တောင်ပိုင်းဗဟိုကော်မတီက ဘာမှ ကွန်ထရိုးလုပ်လို့ မရဘူး... သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး... သူ့ရဲ့ ကွန်မန်းအောက်မှာ မရှိဘူး... ကွန်စတီကျုးရှင်းက သပ်သပ်ဖြစ်တယ်... အုပ်ချုပ်မှုက သပ်သပ်ဖြစ်တယ်... သို့သော် အဲ့ဒီကိစ္စတွေ   ဖြစ်သွား တဲ့ အပေါ်မှာတော့ တောင်ပိုင်းမှာ ရှိတဲ့ ရဲဘော်တွေ အကုန်လုံးက တာဝန်ရှိသူ အကုန်လုံးက ဒီထိန်းသိမ်း ထားတဲ့ သူတွေကို ဒီလောက် အများကြီး ဖြစ်နေတဲ့ ကိစ္စ အပေါ်မှာ မဖြစ်သင့်တာ မဖြစ်ရအောင် ဆိုပြီးတော့ ဘာမှမလုပ်ပါနဲ့ ထိန်းထားပါ... ဒို့ အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့ ပိုအစီအစဉ် ကိုက်ညီတဲ့ အဖွဲ့အစည်း... မသတ်ပါနဲ့ မညဉ်းဆဲပါနဲ့... လူများစားသလို စားရမယ်...   နေမကောင်းထိုင်မကောင်း ဖြစ် ရင်စောင့်ရှောက် မယ်ဆိုပြီးတော့ သဘောထားပေးထားတာ ရှိပါတယ်...

ဒေါက်တာမြင့်ချိုပြောကြားချက်ကို 50:30 မိနစ်မှစတင်ကြည့်ရှုပါ။




အဲ့ဒီအချိန်မှာပဲ ကျနော်တို့ နှစ်ဖွဲ့ကွဲသွားပြီ အေဘီအက်စ်ဒီအက်ဖ်က... ကွဲသွားတော့ မြောက်ပိုင်းက ရဲဘော်တွေက ကျနော်တို့ တောင်ပိုင်းက ဘက်တစ်ဖက်ကို ထောက်ခံတယ်... ထောက်ခံတဲ့ ဘက်ကနေ မက်ဆေ့ခ်ျပို့တယ်... ခဏထားထားပါ ဘာမှ မလုပ်ကြပါနဲ့ စီစစ်မယ်ဆိုပြီး ပြောတယ်... အဲ့ဒီအချိန်က စပြီးတော့ တောင်ပိုင်းရဲ့ ကွန်မန်းတွေဟာ မြောက်ပိုင်းမှာ သွားပြီးတော့ သက်ရောက်မှုရှိတာကိုး... သို့သော်

တရားဝင် သက်ရောက်ပေမဲ့ လက်တွေ့မှာ သူ့နည်း သူ့ဟန်နဲ့ ထပ်သွားနေတယ်...
သွားတော့ တောင်ပိုင်း မြောက်ပိုင်းဟာ စက်နဲ့ အဆက်အသွယ် မရှိဘူး... ဆက်လို့လဲ မရဘူး... အဲ့ဒီကာလမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ မြောက်ပိုင်းမှာ ၁၅/၁၂ယောက်ကို သေဒဏ်ပေးပြီးတော့ အမိန့်ချပြီးတော့ သတ်လိုက်တယ်... ကျနော်တို့ မသိဘူး တောင်ပိုင်းမှာ... ဘီဘီစီတို့ဘာတို့ ကနေ အသံလွှင့်တဲ့အခါကျမှ တောင်ပိုင်းကလူတွေ သိတာ... မြောက်ပိုင်းက ပြောတာက မြောက်ပိုင်း ဗဟိုကော် မတီ မြောက်ပိုင်းစည်းကမ်း မြောက်ပိုင်းရဲ့ ထောင်တွင်းမှာပဲ ဗဟိုကော်မတီက မြောက်ပိုင်းမှာပဲ ဆုံးဖြတ်ပြီးတော့ ဒီလူတွေဟာ အထောက်အထားတွေ တွေ့ရှိလို့ သေဒဏ်ပေးလိုက်တယ် ဆိုပြီးတော့ အဲ့ဒီလို သူတို့ ဖော်ထုတ်လိုက်တယ်... မီဒီယာကိုရော.. အဲ့ဒါပဲ ကျနော်တို့ သိတယ်... သိတော့ ကျနော်တို့က ဘာစဉ်း စားလဲ ဆိုတော့ တောင်ပိုင်းမှာ ရှိတဲ့လူတွေက ငါနဲ့မဆိုင်ဘူး လုပ်လို့ မရတော့ဘူး... သိတာ မသိတာတကဏ္ဍ ပဲ... တာဝန်ခံရတော့မယ်... အဲ့ဒီတော့ (ရှင်းလင်းချက်လားမကွဲပြားပါ) တစောင်ထုတ် လိုက်တယ် ဒါတွေအားလုံးကို နိုင်ငံတကာ အကူအညီနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ လိုတယ်ဆိုပြီးတော့ အဲ့ဒီပေါ်မှာ ကျနော်တို့ကစာထုတ်လိုက်ပြီးတော့ဒီကိစ္စကိုဥက္ကဌကိုနိုင်အောင်ကမြောက်ပိုင်းသွားပြီးတော့ဖြေရှင်းရတယ်... ကိုနိုင်အောင်က အေပရယ်လမှာ ရောက်တယ် မြောက်ပိုင်းကို သတ်တာက ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ သတ်တာ... သို့သော် ကျနော်တို့ တာဝန်ရှိတဲ့ သူတွေ အကုန်လုံးက တာဝန် မရှောင်ကြဘူး... ဒီကိစ္စကို အမှန်အမှား ဖြစ်အောင် သေချာစီစစ် ပြီးမှ ဖော်ထုတ်မယ်... တချိန်ကျရင် ဘက်မလိုက်တဲ့ ပညာရှင်တွေ ကျွမ်းကျင်တဲ့ သူတွေနဲ့ အထောက်အထားတွေ အကုန်လုံးကို သေသေချာချာ ခံစားရတဲ့ရဲဘော်တွေကော ကျဆုံးသွားပြီးတော့ ကျန်ခဲ့တဲ့ မိဘတွေကော ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေ အကုန်လုံးကိုကော အမိန့်ပေးခဲ့တဲ့ သူတွေကော ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တဲ့ သူတွေကိုကော တာဝန်ခံရတဲ့ တောင်ပိုင်းက ဗဟိုကော်မတီကော စသည်ဖြင့်ပေါ့ဗျာ အားလုံး စုံစုံညီညီနဲ့ ဒီကိစ္စတွေကို မျက်နှာချင်းဆိုင် ရှင်းဖို့တော့လို တယ်... အဲ့ဒီအခါက ဘာလဲ ဆိုတော့ ဥပဒေလဲ မှန်မှန်ကန်ကန် ကြီးစိုးဖို့တော့ လိုတယ်... ဒီအချိန်မှာ သူလဲ မှန်တယ် ငါလဲ မှန်တယ် ကျနော်တို့ အမှန်တရား ဖော်ထုတ်နေတာ မဟုတ်ဘူး... ဒါကြောင့် မို့လို့ လက်ရှိ ဗဟိုကော်မတီ အနေနဲ့ သူတို့အနေနဲ့ ဒါတွေ မပါတ်သတ်ခဲ့ သော်ငြားလဲပဲ ရှေ့က အဖွဲ့အစည်း ဖြစ်ခဲ့တဲ့ ကိစ္စ အပေါ်မှာသူတို့ တာဝန်ယူပြီးတော့ ခေါင်းခံပြီးတော့ ထုတ်ပြန်ချက် ထုတ်ရတယ် ကော်မရှင်ဖွဲ့ရတယ်... သူတို့နဲ့ ဘာမှ တိုက်ရိုက် မပတ်သတ်ခဲ့ပါဘူး... သို့သော် အဖွဲ့အစည်းရဲ့ ထုံးစံအရ အစဉ်အလာအရ ဆက်ခံလာတဲ့ အပေါ်မှာ ဒီတာဝန်ကြီးတွေဟာ နောက်ထပ် ခေါင်းဆောင်အသစ်တွေ အပေါ်မှာ သွားပြီး   တော့ ပိနေတယ်... ဒါကြောင့်မို့လို့ ကျနော် ပြောချင်တာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ရင်နာစရာကောင်း တယ် ကြေကွဲစရာကောင်းတယ် ဝမ်းနည်းစရာကောင်းတယ်... (.......)ကြီးလိုပဲ ခံစားနေကြရတာ ဒါပေမဲ့ ဒီအမှန်တရားကို ကျနော်တို့ တနေ့ ဖော်ထုတ်ကြမယ်... ဒီကာလမှာ (မတရားသ)လောက်ပဲ ရေးပါ... လက်ရှိ တိုက်ပွဲဝင်နေတဲ့ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကို ခွဲခြားပြီး မြင်စေ့ချင်တယ်... မြောက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ အေဘီ တဖွဲ့လုံးကို ဖျက်သိမ်းလိုက်ပါ ဆိုတဲ့ (စွပ်စွဲချက်မျိုးတွေ)  အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကို လူသတ်သမားဆိုတဲ့ စွပ်စွဲချက်မျိုးတွေ မဖြစ်စေချင်ဘူး ကနေ့ ခေါင်းဆောင်တွေ ရဲဘော်တွေ နယ်စပ်မှာ အသက်စွန့်ပြီး တိုက်နေတာ တပြည်သား တပြည်ထောင်လုံး အတွက် တိုက်နေတာ ဖြစ်တယ် သူတို့ အတွက် မဟုတ်ဘူး... ဒါကြောင့်မို့လို့ ကျနော် နောက်ဆုံးပြောချင်တာက ဖြစ်ခဲ့တဲ့ဟာတွေ အမှန်ပဲ... သို့သော် အင်တာနက်မှာ ရေးသလိုတော့ မဟုတ်ဘူး ဖြစ်ခဲ့တယ် အဲ့ဒါကို ဖြေရှင်းဖို့လဲ ကျနော်တို့ ပရောဆက်ကို ကျနော်တို့ လုပ်နေတယ် အခုဥက္ကဌ ကိုသံခဲတို့ ဖွဲ့ထားတဲ့ ကော်မရှင်ကို မယုံဘူး ယုံတယ်ဆိုတာ တကဏ္ဏပေါ့ဗျာ ဒါက ရဲဘော်တွေနဲ့ ဖွဲ့ထားတာ ပါတ်သတ်ခဲ့သူ တယောက်မှ မပါဘူး... အဲ့တော့ ပါတ်သတ်ခဲ့သူ အားလုံးက ဒီကော်မရှင်ကို ပူးပေါင်း ဆောင်ရွက်ပြီးတော့ အချက်အလက်တွေ ပေးမယ်... အဲ့ဒါ အားလုံးစုပြီးတော့ တချိန်ကျရင် အဲ့ဒီကိစ္စကို တရားဝင် မြန်မာနိုင်ငံထဲမှာ ပြန်ရှင်းကြမယ် အဲ့ဒီ အခါမှာ နစ်နာသူတွေ ကျုးလွန်သူတွေ ဘယ်လို ကျနော်တို့ အနေနဲ့ ကုစားကြမလဲ... လူမှုရေးအရ ကျနော်တို့ ကုစားကြမလား ဥပဒေကြောင်းအရ ကုစားကြ မလား ဒါကတော့ တချိန်ကျရင် အားလုံးက ဆုံးဖြတ်ကြမှာပါ... ဒီအချိန်မှာတော့ ဒီရဲဘော်တွေ ဒီခေါင်းဆောင်တွေ သူတို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှု့တွေမှာ ဒီကိစ္စကြောင့်တော့ အမဲစက် မစွန်းထင်းစေ ချင်ဘူး သူတို့အပေါ်မှာ အထင်မလွဲ စေချင်ဘူး... ကျနော်အဲ့ဒါကို တောင်းပန်ပါတယ်...

ဘရာဇီး ငှက်ရိုး facebook မှကူးယူဖော်ပြသည်။

5 comments:

လင်္ကာ said...

Maungmaung Skw
အဓိကက တာဝန်ရှိတဲ့သူတွေရှင်းလိုက်ကြ။ဘယ်သူကမှ အေဘီကို အပြစ်မပြောဘူး။အေဘီက ပုဂ္ဂိုလ်များကလဲ တာဝန်ရှိတဲ့သူတွေကို အရှင်းခိုင်းလိုက် “မင်းတို့ပြသနာ-မင်းတို့ရှင်း” လို့ပြောလိုက်။လွယ်လွယ်လေးရယ်။ဘာဇယားတွေရှုတ်ပြနေတာလဲ။ လူသတ်တဲ့အကြောင်းပြောတယ်-အေဘီကိုမထိနဲ့တဲ့-လူသတ်သမားတွေအကြောင်းပြောတယ်-အေဘီကိုမထိနဲ့တဲ့-အသတ်ခံရတဲ့သူတွေ-အဖမ်းခံရတဲ့သူတွေ ထောက်လှမ်းရေးမဟုတ်ဘူးလို့ပြောတယ်-အေဘီကိုမထိနဲ့တဲ့-ဦးနှောက်သုံးပြီးစဉ်စားတတ်တဲ့သူတွေအတွက် ဘာတွေခဲခဲယဉ်းယဉ်း လိုက်ပြောနေရတာလဲ-မှန်ကန်တဲ့အေဘီ-ဘယ်တော့မှအရောင်မမှိန်ဘူး-ဘယ်တော့မှ နာမည်မသေဘူး-ဘယ်တော့မှ သမိုင်းမသေဘူး-ကျောင်းသားတပ်မတော်ဟာ-စစ်အာဏာရှင်ကိုတင် တိုက်ရဲတာမဟုတ်ဘူး-ငါတို့ထဲလာ-ကျောင်းသားအယောင်ဆောင်နေတဲ့ အာဏာရှင်တွေကိုလည်း တိုက်ရဲတယ်-တိုက်တတ်တယ်လို့ သက်သေမပြရဲဘူးလား-စစ်မြေပြင်တုန်းကသတ္တိတွေဘယ်ရောက်သွားကြတာလဲ။ကိုယ်ချင်းမစာတတ်တာကို အပြစ်မတင်ပါဘူး-ကိုယ်မှမခံရဘူးတာကိုး-ဒါပေမဲ့ အမှန်တရားကိုမြတ်နိုးတဲ့ စိတ်ဓာတ်တွေ ဘယ်နားကျကျန်ခဲ့တာလည်း နှမျောစရာကောင်းလှပါတယ်-ဘာကိုမှ မတိုက်တွန်းလိုဘူး-အေဘီတွေ အမှန်တရားကိုလက်ကိုင်ထားပါ။ရှာဖွေပါ-ကျင့်သုံးကြပါလို့တော့ တိုက်တွန်းချင်တယ်။“ကျွန်တော် အေဘီကို စိတ်မနာချင်ဘူးနော်-မကောင်းမပြောချင်ဘူးနော်-နာမကျန်းဖြစ်နေတဲ့ ကျောင်းသားတပ်မတော်ကို ဝိုင်းဝန်းကုသ သန့်ရှင်းလိုက်ကြရအောင်လားဗျာ”

လင်္ကာ said...

Htay Tint
မြောက်ပိုင်း လူသတ်မှုတွေမှာ ABSDF တောင်ပိုင်းက အုပ်ချုပ်ရေး အရ သီးခြားဖြစ်နေတယ် ဆိုတာ လှဌေးတို့  ကချင်ကိုယ်စားလှယ် အဖွဲ့ က ညီလာခံမှာ ဗြောင်ပြောခဲ့ပါတယ်။ဆရာညဝန်ပေါက်စ- နိုင်အောင် မြောက်ပိုင်း လိုက်သွားပြီး အသတ်ခံရတာတွေ အချုပ်ခံရတာတွေ ထပ်ဖြစ်တယ် ။ အပြန်မှာ ABSDF တံဆိပ်နဲ့ စပိုင်ဖြစ်ကြောင်း နိုင်ငံတကာကို စာတွေ ထုတ်တယ် ။HGP အောင်တဲ့ ကျူရှင်ဆရာဟောင်း အောင်ထူး ကလည်း ထပ်ထုတ်တယ် ။ ကိုယ်မသိတဲ့  အုပ်ချုပ်မှု မပေးနိုင်တဲ့ ဒေသက လူတွေကို ဘာကြောင့်တာဝန်ခံခဲ့ရတာလဲ ။ စိုးလင်းနဲ့  နေဝင်းအောင်ကို မတရား ဖမ်းထားပြီး နှိပ်စက်ပြီး ကြံရာပါတွေ ကို ဖေါ်ထုတ်ခိုင်းလို့  ဌေးနိုင်ပါ အထမ်းခံ နှိပ်စက်ခံရပြီး အသတ်ခံလိုက်ရတယ် ။ ကိုမြင့်ချို - သေသေချာချာ စဉ်းစားပြီးမှပြောနော် . မြောက်ပိုင်း လူသတ်မှု အကျိုးဆက်က တောင်ပိုင်းမှာ အသတ်ခံရတယ် ။ တောင်ပိုင်း မြောက်ပိုင်း လူသတ်သမားတွေက ပြည်ပ အဖွဲ့ အစည်းတွေမှာ နေရာ အကြီးကြီးတွေ ယူထားပြီး အမှုဖျောက်နေတာ နှစ် ၂၀ ရှိနေပြီ ။ဒီလူတွေအနာဂါတ် မြန်မာပြည်မှာ ဒေါ်လာထုတ်တွေနဲ့  နေရာယူကြအုံးမယ် ။ ဒီလိုလူတွေ ဒီလူသတ်သမားအုပ်စု နဲ့ ကြံရာပါတွေကို ပြည်တွင်း နိုင်ငံရေး အပြောင်းအလဲ အတွက် နေရာပေးသလို ဖြစ်လာရင် ပြည်တွင်းက ABSDF အဖွဲ့ ဝင်တွေ အားလုံးကို လူသတ်မှု ကြံရာပါ အဖြစ် မြင်နေကြမယ် ။ပြည်တွင်းက ဘာမှ မသိတဲ့ လူထုက ABSDF ကို တဦးခြင်း မြင်နိုင်တဲ့ အခြေအနေ ရောက်သွားအောင် ရှင်းပြဖို့ ကြိုးစားကြပါ ။

လင်္ကာ said...

ဘရာဇီး ငှက်ရိုး
အေဘီက အကိုတယောက်က အောက်ပါအတိုင်း ကွန်မန့်ပေးသွားတာ ကို Soe Lynnကို ပြမိလို့ ဒီလိုရေးရတာ အကို....
""ရက်စက်မှုကိုကျူးလွန်ခဲ့သူတွေကို တပ်ဖွဲ့တွင်း လက်ခံခဲ့တာ၊ သူတို့သက်သေအဖြစ် ပြသခဲ့တဲ့ မှတ်တမ်း ဗွီဒီယိုခွေကို တပ်တွင်းမှာ လုပ်ရပ်မှန်ကန်ကြောင်း ရဲဘော်တွေ လက်ခံအောင် ပြသပေးခဲ့တာ တွေနဲ့ အခု ဒေါက်တာမြင့်ချို ပြောခဲ့တာတွေနဲ့က နားလည်ရခက်တယ်။ သူပြောပုံဆို စကထဲက ဒီကိစ္စ မမှန်ကန်ဘူးဆိုတာ သိနေတယ်လို့ ပြောသွားတယ်။ ဒါဆိုဘာလို့ အဲဒီထဲက မရှင်းခဲ့တာလဲ။ ကျွန်တော်ပြောနေတာက ကျောင်းသားတယောက်အနေနဲ့ ခံစားမှုကိုပြောတာပါ။ နာတယ်ဆိုတာလဲ ကျောင်းသားစိတ်နဲ့ နာတာပါ။ ABကို နာတာမဟုတ်ပါဘူး။
၁။ လူမဆန်စွာ ရက်ရက်စက်စက်လုပ်ခဲ့တာ
၂။ ရိုးသားတဲ့ ရဲဘော်တွေကို ခေါင်းဆောင်လုပ်ခဲ့တဲ့ တဲ့သူတွေက မပ ကိစ္စကို အမှန်မသိအောင် လိမ်လည်ထားခဲ့တာ
၃။ ABSDF ကျောင်းသားတပ်မတော် သမိုင်းအတွက် တာဝန်မဲ့ခဲ့တာ
၎။ ကျောင်းသားသမိုင်းမှာ အမဲစက်ဖြစ်အောင် လုပ်ခဲ့တာ
ဒါတွေကို စိတ်နာတာ။
မပ လူသတ်မှုနဲ့ AB ကို ကျွန်တော်တို့ ခွဲမြင်တယ်၊ အဲဒီလိုပဲ ဒီမတရားမှုကို ဆန့်ကျင်တဲ့ သူတွေကိုလဲ AB ကိုသက္ခာကျအောင်လုပ်နေတာလား၊ AB အလံအောက်က မတရားမှုကို လုပ်ခဲ့တဲ့သူတွေကို ဖော်ထုတ်နေတာလားဆို တာကို ဒေါက်တာ မြင့်ချိုလဲ နားလည်သင့်တယ်။ ABဟာ သန့်စင်တယ်၊ မသန့်သင်တာ မသမာသူတွေဆိုတာကို သက်သေပြဖို့ အချိန်တန်ရင် ရှင်းပါမယ်လို့ ပြောနေတာဟာ လက်တွေ့မကျတဲ့ ကိစ္စပါ...""လို့ ပို့စ်တခုမှာ အဲ့ဒီလိုဝင် ဆွေးနွေးသွားတယ်..... ပူးတွဲကြည့်ဖို့က အထက်ကလင့်ခ်မှာပါ... မိနစ်50ကနေစတင် ကြည့်သင့်ပါတယ်...

လင်္ကာ said...

Htun Aung Gyaw ဒေါက်တာမြင့်ချိုပြောတာအတော်လွဲနေတယ်ဘာလဲဆိုတော့ အေဘီအက်ဒီအက်စဖွဲ့တော့ကချင်ဥက္ကဌကြီးဘရန်ဆိုင်းကကျွန်တော့်ကိုမယ်နယ်ပလောက ကချင်ကုန်းကရုံးကိုလာခဲ့ဖို့ လှမ်းခေါ်တယ်အဲဒီမှာစက်နဲ့ကချင် အေဘီအက်ဒီ အက်ကရဲဘော်တွေနဲ့စကားပြောစေတယ်၊ ကချင်ကရဲဘော်တွေက ကချင်နယ်မြေဗဟိုကော်မီတီဖွဲ့စည်းမဲ့အကြောင်းတင်ပြလာလို့၊ ကချင်နယ်မြေကော်မီတီဘဲဖွဲ့ရမယ်၊ ဗဟိုနှစ်ခုမဖြစ်စေနဲ့၊ဗဟိုကတောင်ပိုင်းမှာဘဲရှိရမယ်ဆိုပြီးအမိန့်ပေးခဲ့တယ်၊ ဒါဟာကျုပ်ကိုယ်တိုင်အမိန့်ပေးခဲ့တာဖြစ်တယ်၊ ဒေါက်တာမြင့်ချိုကအဲဒီအ ချိန် မှာ ဝမ်ခစခန်းမှာစစ်သင်တန်းတက်နေတဲ့ရဲဘော်အဆင့်ဘဲရှိသေးတယ်၊ ဒီကိစ္စ တွေ ကိုသူဘယ်လိုမှမသိနိုင်ဘူး။

Yinaye said...

ကိုမြင့်ချို ဆစ်ဒနီမှာ ပြောခဲ့တဲ့ ဟာတွေကို ကိုဘရာဇီး ပြန်ရေးထားတာတွေ တချို့ လွဲနေလို့ပါတယ်။အသံဖိုင်ကို ပြန်နားထောင်ပြီး ရေးထားတော့ တချို့နေရာတွေ နားကြားလွဲသွားတာတွေဖြစ် သွားတာလို့ထင်ပါတယ်။ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဓိပ္ပါယ်တွေလွဲသွားပြီး သူများတွေ အထင်မှား အမြင်မှားတွေဖြစ်သွားမှာ မလွဲပါဘဲ။ အဲ့ဒါကြောင့် သူ့ပြောသွားခဲ့တာတွေရဲ့ script အမှန်တွေကို တင်ပေးလိုက်ပါတယ်။ ကိုဘရာဇီး ပြန်ရေးပေးထားတဲ့ အချက်တွေနဲ့ လွဲနေတာတွေကို အနီရောင်နဲ့ ပြန်ရေးပေးထားပါတယ်။ (သူပြောခဲ့တဲ့ ဟာတွေကိုသာ ပြန်ရေးပေးထားတာပါ။ မှန်တယ် မမှန်ဘူးဆိုတာ အချိန်၊ သမိုင်းနဲ့ အမှန်တရားက ဆုံးဖြတ်ပါလိ့မ်မယ်။) အောက်မှာ လင့်။ http://www.scribd.com/doc/86834361/Dr-Myint-Cho-Sydney-Speech-Regarding-Northern-Case